Monday, October 22, 2012

တရုတ်ပြည်ရဲ့ ၂၀၁၀ ရဲ့ အကောင်းဆုံးဓါတ်ပုံ



 

ဒီဓါတ်ပုံကို Zhang Yi ဆိုတဲ့ တရုတ်လူမျိုးတစ်ယောက်က ရိုက်ခဲ့တာပါ..၊ ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၄ လောက်တုန်းက တက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ He Dongxu, Fang Zhao နဲ့ Chen Jishi တို့ဟာ ရေနစ် နေတဲ့ ကလေးတွေကို ဆယ်ဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးသွားခဲ့တဲ့ ကျောင်းသားတွေဖြစ်ပါတယ်..၊ ဒီလို ရေနစ်သူတွေကို ကူညီကယ်ဆယ်ပေးဖို့ အခကြေးငွေနဲ့ အလုပ်လုပ်တဲ့ company မှာ ပိုက်ဆံ ရချင်တဲ့ အတွက် သူတို့ဝင်လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်..၊ ဒါပေမယ့် ကယ်ဆယ်နေတဲ့ အချိန်အတွင်းမှာပဲ company တာဝန်ရှိ သူတွေက ကယ်ဆယ်ခ အခကြေးငွေကို အဆမတန် လျော့ချခဲ့ပါတယ်..၊ ကျောင်းသားတွေဟာ ဒူးထောက်ပြီး တောင်းပန်ခဲ့ပေမယ့် အခကြေးငွေကိုတော့ တိုးမပေးခဲ့ပါဘူး..၊ နောက်ဆုံး သူတို့ဟာ သေဆုံး ခဲ့တဲ့ သူတို့ဝန်ထမ်း ကျောင်းသားရဲ့ အလောင်းကို ကြိုးနဲ့ချည်ပြီး ဆန္ဒပြခဲ့ပါတယ်..။ နောက်ဆုံးတော့ သူတို့ဟာ company က တိုးပေးတဲ့ အခကြေးငွေအပြင် အပြင်လူထုက ၀ိုင်းဝန်းထည့်ဝင်ကြတဲ့ငွေ စုစုပေါင်း (၃၆၀၀၀) ယွမ် ကို ရရှိခဲ့ကြပါတယ်..၊ ၂၀၁၀ မှာတော့..၊ သေဆုံးနေတဲ့ ကျောင်းသားကို ကြိုးနဲ့ချည်ထားတဲ့ ဓါတ်ပုံဟာ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးဓါတ်ပုံဆုဖြစ်တဲ့ "Golden Lens" ဆုကို ရရှိခဲ့ပါတယ်..၊ 


















အောင်ထွန်းဦး

1 comment:

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ