Monday, October 15, 2012

နောက်ထပ်တစ်ခါ မတွေ့နိုင်တော့တဲ့ ဓါတ်ပုံ



အောက်မှာပါတဲ့ ဓါတ်ပုံနှစ်ပုံက B737 လေယဉ်ပျက်ကျစဉ်က လေယဉ်ပေါ်က ခရီးသည်တစ်ဦးက ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်..၊ ဒီဓါတ်ပုံတွေက ကင်မရာရဲ့ memory stick ထဲကနေ ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်..။ သင်တို့ ဒီလို ဓါတ်ပုံတွေကို ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ပါဘူး..။ ဒီဓါတ်ပုံကို သေချာကြည့်လိုက်ရင် သေဆုံးရတော့မယ်ဆိုတာကို သိပြီး တုန်လှုပ်ချောက်ခြားနေကြတဲ့ လူတွေရဲ့ မျက်နှာတွေကို တွေ့နိုင်မှာပါ..။ သင်ကိုယ်တိုင်ဆိုရင်ကော သူတို့လိုပဲ ဖြစ်နေမလား..၊





ဒီလေယာဉ်ပေါ်က ခရီးသည်တွေအားလုံး တစ်ယောက်မှ အသက်မရှင်ခဲ့ပါဘူး..။ဒီဓါတ်ပုံတွေကို Digital Casio Z750 ကင်မရာထဲက တွေ့ခဲ့တာပါ..၊ ကင်မရာ ပျက်စီးခဲ့ပေမယ့်လည်း memory stick ကတော့ ကောင်းနေတာကြောင့် ဒီပုံတွေကို ရရှိခဲ့တာဖြစ်ပါတယ်..။ ဒီ camera ရဲ့ serial number ကိုကြည့်ပြီး ပိုင်ရှင် ဘယ်သူလဲဆိုတာကို စုံစမ်းကြည့်ခဲ့ရာမှာ Paulo G. Muller ဆိုတဲ့ ပြဇာတ်မင်းသားတစ်ယောက် ဖြစ်နေခဲ့ပါတယ်..။ သူဟာ လေယဉ်ပျက်ကျစဉ်မှာ မတ်တပ်ရပ်ပြီး ဒီဓါတ်ပုံတွေကို သေသေချာချာ ရိုက်ကူးခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်..။



အောင်ထွန်းဦး

1 comment:

  1. အကုန်လုံးသေသွားတာလား။စိတ်မကောင်းစရာပဲ။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ