Sunday, October 28, 2012

မူကြိုဆရာမတစ်ယောက်ရဲ့ ကလေးများကို နှိပ်စက်မှု



အောက်တိုဘာလ ၂၄ ရက်နေ့က တရုတ်နိုင်ငံ Weibo မှာ အများပြည်သူတွေကို စိတ်ပျက်စေတဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပေါ်ထွက်လာခဲ့ပါတယ်..၊ ကလေးငယ်လေး တစ်ယောက်ကို မူကြို ဆရာမ တစ်ယောက်က နားရွက်ကနေဆွဲထားပြီး ကလေးရဲ့ ခြေထောက်ဟာ လေပေါ်မှာ မြှောက်နေပါတယ်..၊ ဆရာမရဲ့ မျက်နှာမှာ အပြုံးများတွေ့နေရပြီး သနားစရာကလေးငယ်ကတော့ နာကျင်စွာ အော်ငိုလျက်ရှိပါတယ်..၊ ဒါဟာ တရုတ်နိုင်ငံ Zhejiang ပြည်နယ် Chenxi လမ်းမှာ ရှိတဲ့ ဒေါင်းပြာ ဆိုတဲ့ မူကြိုမှာ တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်..၊ အဲ့ဒီပုံပေါ်ထွက်လာပြီး တဲ့နောက်မှာ တာဝန်ရှိသူတွေဟာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး အဆိုပါနေ့မှာပဲ ဆရာမကို အလုပ်ထုတ် ပစ်ခဲ့ပါတယ်…။



ဓါတ်ပုံထဲမှာ.. ဆရာမဖြစ်သူဟာ ပြုံးရယ်လျက်ရှိပြီး သူမရဲ့ လက်နှစ်ဖက်က ကလေးရဲ့ နားရွက် နှစ်ဖက်ကို ဆွဲမြှောက်ထားပြီး ကလေးဟာ မြေပြင်ကနေ ၁၀ cm လောက် မြှောက်နေပါတယ်..။ ကလေးရဲ့နားရွက်ဟာ နားရွက်ပုံမပေါ်လောက်အောင်ကို ဆွဲလိမ်ခံထားရပြီး ကလေးကတော့ နာကျဉ် လွန်းလို့ အော်ငိုနေပါတယ်..။ အဲဒီဓါတ်ပုံထဲက ဆရာမဟာ ဒေါင်းပြာ မူကြိုကျောင်းရဲ့ Junior Class 2 က ဖြစ်ပြီး Yan Yanhong ဖြစ်တယ်လို့ စုံစမ်းသိရှိခဲ့ရပါတယ်..။ မနေ့ကတော့ Yan ဟာ သူမကို စုံစမ်းမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်…။ သူမဟာ အဆိုပါ ဓါတ်ပုံထဲက ကျားသစ်ကွက် အင်္ကျီကိုပဲ ၀တ်ဆင်ထားပြီး အနည်းငယ် တုန်လှုပ်နေဟန်ရှိပါတယ်..၊ "ဘာလို့ ကလေးနားရွက်ကို ဆွဲပြီး တစ်ခြားတစ်ယောက်ကို ဓါတ်ပုံ ရိုက်စေတာလဲ" လို့မေးတော့.."အပျော် လုပ်တာပါ.."လို့ ပြန်လည် ဖြေကြားခဲ့ပါသတဲ့…။

စိတ်ဆိုးနေကြတဲ့ ကလေးမိဘတွေဟာ သူမရဲ့ ID နံပါတ်..၊ ဖုန်းနံပါတ်..၊ QQ account ၊ အိမ် လိပ်စာ၊ သူမဘယ်ကနေ ဘွဲ့ရခဲ့တာလဲ ဆိုတာတွေကအစ စုံစမ်းခဲ့ကြပါတယ်..၊ စာရေးသူဟာ သူမရဲ့ QQ Zone (တရုတ် လူမှုရေး website) ထဲမှာ မူကြို နဲ့ ပတ်သက်တဲ့ ဓါတ်ပုံတွေ ၇၀၂ ပုံကို တွေ့ရှိခဲ့ရပါတယ်..။ အဲ့ဒီပုံတွေထဲမှာ မူကြိုက ကလေးတွေကို သူဘယ်လို အပြစ်ပေးထားသလဲဆိုတာ ကို ဓါတ်ပုံရိုက်ပြီး တင်ထားတာတွေကို တွေ့ရပါတယ်..။ ကလေးရဲ့ ပါးစပ်ကို တိပ်နဲ့ပတ်ထားတဲ့ ဓါတ်ပုံအောက်မှာ လူတစ်ယောက်က "ဒီပုံကို ဖျက်လိုက်ပါ..၊ အခြားလူတွေ မြင်သွားရင်မကောင်းဘူး..၊ ဒါကလေးနှိပ်စက်မှုတစ်ခုပါ…" လို့ ရေးခဲ့ပေမယ့်.. သူမက "စိတ်မပူပါနဲ့..။ ဘာမှမဖြစ်ပါဘူး.." လို့ ပြန်လည် ဖြေကြားခဲ့ပါသတဲ့ဗျာ…။











 အောင်ထွန်းဦး

1 comment:

  1. တောက်...! မိုက်ရိုင်းလိုက်တဲ့ ဆရာမ။ ဒါမျိုးကတော့ ထောင်ထဲပါ ထည့်ပစ်လိုက်ရမှာ။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဗျို့။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ