Sunday, October 7, 2012

၃နှစ်အရွယ် ကလေးကို မီးရှို့တဲ့ ပထွေး



Niu Niu ဟာ အသက် (၃) နှစ်အရွယ်သာ ရှိသေးတဲ့ ချစ်စရာ ကလေးမလေး ဖြစ်ပါတယ်..၊ Niu Niu ရဲ့ ပထွေးဖြစ်သူ Coa Xiaoming ဟာ ဇနီးဖြစ်သူက သူ့ကိုကွာရှင်းဖို့လုပ်တာကို မကျေနပ်တာကြောင့် ဘာအပြစ်မှ မရှိတဲ့ Niu Niu လေးကို ဓါတ်ဆီ လောင်းပြီး မီးရှို့ခဲ့ပါတယ်..၊ 





Niu Niu ရဲ့ အမေက Coa Xiaoming ဟာ  အလွန်ကို ဆိုးသွမ်းသူဖြစ်ကြောင်း၊ အိမ်အသုံးဆောင် ပစ္စည်းများကိုလည်း ရိုက်ခွဲပြီး မိန်းမဖြစ်သူကိုလည်း အမြဲရိုက်နှက်ကြောင်း၊ လောင်းကစားလည်း ခုံမင်တက်မက်သူဖြစ်ကြောင်း၊ ဒါကြောင့် သူ့ကို ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်..။ ဒါပေမယ့် သူမရဲ့ကလေးကို သူဒါမျိုးလုပ်လိမ့်မယ်လို့ တွေးတောင် မတွေးမိပါဘူးလို့ ပြောပါတယ်..။ 


ခုချိန်မှာတော့.. Niu Niu လေးရဲ့ မျက်နှာဟာ မီးလောင်ဒဏ်ရာတွေနဲ့ ပျက်စီးခဲ့ရပါပြီ..
မိသားစု ပြသနာတွေကြောင့်..၊ Coa Xiaoming ဟာ ၃နှစ်အရွယ် သမီးဖြစ်သူကို ဓါတ်ဆီလောင်းပြီး မီးရှို့ခဲ့ပါတယ်..၊ ဒီကိစ္စကြီး မဖြစ်ခင်၊ Niu Niu  အဖေအရင်းဖြစ်သူက သူမသေခင် Niu Niu အမေကို "ငါသေချင်တယ်..၊ ငါရဲ့ကလေးကိုလည်း ငါနဲ့အတူ ခေါ်သွားချင်တယ်"လို့ ပြောခဲ့ပါတယ်..။



အခုတော့ Niu Niu ဟာ သူရဲ့ ၃နှစ်မြောက် မွေးနေ့ကို ဆေးရုံကုတင်ပေါ်မှာ ကုန်ဆုံးခဲ့ရပါပြီ..၊ ဆေးရုံမှာ ရက်ပေါင်းများစွာ ဘာမှ မစားနိုင်မသောက်နိုင်ဖြစ်နေတဲ့ Niu Niu ဟာ အခုတော့ ပေါင်မုန့် နဲ့ ငှက်ပျောသီး အနည်းငယ်ကို စားနိုင်လာပါပြီ..။
သူရဲ့ပထွေးဖြစ်သူကိုတော့ ဥပဒေအရ အရေးယူနိုင်ရန် ဖမ်းဆီးထားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်..။


အောင်ထွန်းဦး

4 comments:

  1. ပထွေးတွေကဒီလိုပဲ သတ်တိရှိရင်ငါအိမ်လာခဲ့

    ReplyDelete
  2. စောက်ကျုင့်မကောင်းတဲကောင်တွေကိုဖတ်ခေါ်လျှက်....

    ReplyDelete
  3. ပထွေးပါဆိုမှလူစိတ်ဘယ်ရှိပါ့မလဲ

    ReplyDelete
  4. ဘာတွေလဲကွာ။ လောကကြီးက ကြောက်ဖို့တောင်ကောင်းလာပြီ။ တစ်ခုခုတော့ လုပ်သင့်နေပြီ ကမ္ဘာကြီးရေ...

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ