Tuesday, October 9, 2012

၃ နှစ်ခွဲအရွယ် ကလေးကို မသေမချင်း တိုက်သတ်တဲ့ ကားသမား

တရုတ်နိုင်ငံ Jiangsu ပြည်နယ်မှာ…၊ အသက် ၃ နှစ်ခွဲ အရွယ်သာ ရှိသေးတဲ့ ကလေးကို BMW X6 ကားတစ်စီးက မသေမချင်း တိုက်သတ်မှု ဖြစ်ခဲ့ပါတယ်..။ 


ကလေးဟာ လမ်းပေါ်မှာ ဆော့နေတုန်းမှာ အဆိုပါကားက သူ့ကိုတိုက်ခဲ့ပြီး သုံးကြိမ်တိုင်တိုင် ကားနဲ့ တိုက်ပြီးကြိတ်ခဲ့ရာမှာ ကလေးမှာ နေရာတင်ပဲ သေဆုံးခဲ့ပါတယ်..။ 
ဗွီဒီယိုပြကွက်တွေထဲမှာ မြင်ရတာတော့ BMW X6 ကားသမားဟာ ကလေးကို သေမသေ သေချာစွာကြည့်ပြီးမှ အေးအေးဆေးဆေးထွက်ခွာသွားတာကို တွေ့မြင်ရပါတယ်..။






အခုတော့ ကားသမားကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရပါတယ်..။ ကလေးရဲ့ အမျိုးတွေက ကားသမားဟာ ကလေးကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်သတ်ခဲ့တာဖြစ်ကြောင်း ထင်မြင်ယူဆကြပါတယ်..၊
ဒါပေမယ့် တာဝန်ရှိသူတွေက ကလေးရဲ့မိသားစုနဲ့ ကားသမားဟာ ယခင်က ဘာပြသနာမှ မရှိခဲ့တာကြောင့် ဒီကိစ္စဟာ လူသတ်မှု မမြောက်ပဲ လူသေမှုပဲဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်..။

အောင်ထွန်းဦး

3 comments:

  1. မထူဆန်းပါဘူးတရုတ်တွေက ဂေါက်နေတာလေး

    ReplyDelete
  2. ရက်စက်တတ်တဲ့နေရာရှာနှစ်ယောက်မရှိတဲ့လူမျိုးတွေပါ

    ReplyDelete
  3. ငါ×÷=မသားတွေ။ ဒီလောက် မသေမချင်းတိုက်သတ်နေတာကိုများ လူသေမှုဆိုတော့...။ ဒီစောက်တရုတ်အစိုးရကတော့ ငါ့ပါးစပ်နဲ့ တွေ့တော့မယ်။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ