Thursday, September 27, 2012

ကလေးက မုန့်ခိုးစားလို့ ဒီလိုအပြစ်ပေးကြပါသတဲ့



အသက်ရှစ်နှစ်အရွယ် ကလေးဟာ ဗိုက်ဆာလွန်းခဲ့တာကြောင့် အီရန်နိုင်ငံမှာ ရှိတဲ့ ဈေးဆိုင်တစ်ခုကနေ ပေါင်မုန့် တစ်ခုကို ခိုးစားခဲ့ပါတယ် …၊ အဲဒီအချိန်မှာ သူ့ကို ဆိုင်ရှင်မှ ဖမ်းမိခဲ့ပြီး လူအများရှေ့မှာ လက်ကို ကားနဲ့ တက်ကြိတ်စေပြီး အပြစ်ပေးခဲ့ပါတယ်..။









သူရဲ့လက်တစ်ဖက်မှာ ကျိုးသွားခဲ့ပြီး တစ်သက်လုံး အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး…၊ သူပြုလုပ်ခဲ့တဲ့ အပြစ်အတွက် ပြန်လည်ပေးဆပ်ခဲ့ရတာကတော့ အရမ်းကြီးလွန်းပါတယ်…။

အပြစ်ပေးခဲ့သူတွေရဲ့အဆိုအရ ဒီကလေး နောက်တစ်ခါ ဒီလိုထပ်မလုပ်အောင်နဲ့ တစ်ခြားကလေးတွေလည်း မလုပ်ရဲ အောင် လုပ်ရတာဖြစ်ပြီး၊ ဒီကလေးဟာ ဈေးထဲမှာ ယခုလိုမျိုး ခဏခဏ ခိုးဝှက်တတ်တာကြောင့် အပြစ်ပေး ရတာလို့ ပြောပါတယ်..။

သေချာပါတယ်ဆရာတို့ရယ်…၊ ဒီကလေး နောက်တစ်ခါ ဒီလိုမလုပ်နိုင်တော့ပါဘူး..၊ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကြောင့် သူရဲ့လက်ဟာ တစ်သက်လုံး သုံးမရအောင် ကျိုးသွားခဲ့ရပြီပဲလေ…၊ အဲဒီနေရာမှာ ဒီကလေးမဟုတ်ပဲ သူတို့ရဲ့ သား၊သမီး ဆိုရင်ရော သူတို့ အဲဒီလို လုပ်လေမလားဗျာ...



အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ