Wednesday, September 19, 2012

ဘယ်လိုလူမျိုးက ဒါမျိုး လုပ်ရက်တာလဲ ?

တစ်မနက်ခင်းမှာ..၊ အိမ်ရှင် အမျိုးသမီးဟာ သူ့အိမ်က ကြောင်လေးတွေရဲ့ နာကျင်စွာ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလို့ အိမ်အပြင်ကို ထွက်ကြည့်ခဲ့ပါတယ်..၊ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့….. ကြောင်ပေါက်လေး လေးကောင်ဟာ လှေကားအောက်ဟာ ဒဏ်ရာများစွာနဲ့ သေဆုံးနေခဲ့ပါပြီ..၊ 




ကြောင်လေးတွေ ကိုယ်မှာ ကျည်ပေါက်ရာတွေနဲ့ သွေးတွေကိုတွေ့ရပါတယ်..၊ ကြောင်လေး တစ်ကောင်ဟာ လည်ပင်းကိုကြိုးနဲ့ချည်ပြီး တွဲလောင်းချခံထားရပါတယ်..၊ ရင်ဘတ်ကို ခွဲထားပြီး..၊ နှလုံးကိုလည်း ထုတ်ထားပါတယ်…၊ တစ်ခြားကြောင်လေးတွေကိုတော့ သူတို့ရဲ့ ခေါင်းကို ဖောက်ထုတ်ထားတာ ကို ၀မ်းနည်းစွာ တွေ့မြင်ရပါတယ်..၊ 

တွေ့ရတာကတော့ ကျည်ဆန်ရာတွေဟာ လေသေနတ် ကျည်ဆန်မှ ဖြစ်ပြီး..၊ တစ်စုံ တစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ကြောင်လေးတွေကို သူတို့အမေ ကြောင်မကြီးရဲ့ အရှေ့မှာ လာထားခဲ့တာပဲဖြစ်ပါတယ်..
သနားစရာကောင်းတဲ့ကြောင်မကြီးကတော့ သူ့ကလေးတွေကို လျှာနှင့်လျှက်ပေးပြီး ပြန်ရှင်လာလေမလားဆိုပြီး စောင့်မျှော်နေပါတယ်..၊ 


ဒီကြောင်လေးတွေကို မွေးစားခဲ့တဲ့ပိုင်ရှင်ဖြစ်သူကတော့ ၀မ်းနည်းလွန်းပြီး ငိုကြွေးနေပါတယ်..၊ ဒီလိုလုပ်ရပ်မျိုး လုပ်တဲ့သူကိုလည်း ကြိမ်ဆဲရင်းနဲ့ပေါ့လေ….






အောင်ထွန်းဦး

1 comment:

  1. လုပ်သွားတဲ့ကောင်ကအသိဥာဏ်မရှိလို့ပေါ့....။ကျနော်အနေနဲ့လည်းစိတ်မကောင်းပါဘူး

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ