Friday, September 21, 2012

ဖွတ်ထွက်မှ တောင်ပို့မှန်းသိ



ဒီပုံကတော့ ၂၀၀၈ ခုနှစ် မေလ ၁၂ ရက်နေ့က တရုတ်နိုင်ငံ စီချွမ်ငလျင်လှုပ်တုန်းက တော်တော် နာမည်ကြီး ခဲ့တဲ့ ဓါတ်ပုံပဲဖြစ်ပါတယ်..၊ ဒီပုံထဲမှာ လူတစ်ယောက်ဟာ သေဆုံးနေပြီဖြစ်တဲ့ သူ့ဇနီးကို ကျောပိုးပြီး ဆိုင်ကယ် ပေါ်တင်ကာ အိမ်ပြန်နေတဲ့ပုံဖြစ်ပါတယ်..၊ Wu Jiafang ဟာ သတ္တိရှိပြီး သစ္စာရှိတဲ့ ယောက်ျားတစ်ယောက်လို့ လူအများ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်..၊ ဒါပေမယ့် သူ့အကြောင်းကို အတွင်းကျကျ သိတဲ့ သူတွေကတော့ Wu Jiafang ဟာ ဒီလိုလူမျိုးမဟုတ်ပဲ သရဲဘောကြောင်ပြီး ကတိသစ္စာမရှိတဲ့ ယောက်ျားလို့ ပြောကြပြန်ပါတယ်..




Wu Jiafang ဟာ တရုတ်နိုင်ငံ စီချွမ်ငလျင်မှာ သေဆုံးနေတဲ့ မိန်းမကို ဆိုင်ကယ်ပေါ်တင်ပြီး ပြန်ခေါ် ခဲ့တာကြောင့် သူ့ကို သူရဲကောင်းလို့ သတ်မှတ်ပြီး လူသိများခဲ့ကြပါတယ်..။ ဒါဆို ဘာလို့ သူ့အကြောင်းမကောင်းပြောတဲ့လူက ရှိနေရတာလဲ…မကြာပါဘူး..အဖြေပေါ်လာခဲ့ပါတယ်..

သူဟာ သိပ်မကြာခင်မှာပဲ Shenzhen လို့ခေါ်တဲ့ အမျိုးသမီးကို လက်ထပ်ခဲ့ပါတယ်..



အမှန်တော့ သူရဲကောင်းလို့ လူသိများခဲ့ပြီး လူအများချီးကျူးတာခံခဲ့ရတဲ့ Wu Jiafang ဟာ တစ်ကယ်တော့ သူရဲ ကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး…၊ 
ငလျင်တုန်းက သူဟာ သူ့ယောက်ဖဖြစ်သူက သူ့မိန်းမအလောင်းကို အိမ်ပြန်ပို့ဖို့နှင့် မပို့ရင် သူ့ကို သတ်ပစ်မယ်လို့ ပြောတာကြောင့် ဆိုင်ကယ်နဲ့ ပြန်ပို့ရတာဖြစ်ကြောင်းနှင့် အခုလက်ရှိမှာတော့ သူ့အချစ်ဆုံးသူဟာ Shenzhen တစ်ယောက်တည်းသာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်…. (သြော်…ယောက်ျားတွေများ အမျိုးမျိုးနော်….)


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ