Monday, September 17, 2012

သနားစရာ ကလေးနှင့် မိခင်



တရုတ်နိုင်ငံ Zengjia မြို့မှာရှိတဲ့ အစိုးရမှ ကိုယ်ဝန် ၇လ ရှိတဲ့ ကလေးကို ဖျက်ချခိုင်းမှု ဖြစ်ပွားခဲ့ပါတယ်..။ ကိုယ်ဝန်ဆောင်မိခင် Feng Jianmei ဟာ တစ်မိသားစု ကလေးတစ်ဦးဆိုတဲ့ ဥပဒေကို မလိုက်နာမိတာကြောင့် ယွမ် 400000 ပေးဆောင်ရမှာပါ..။ ဆင်းရဲနွမ်းပါးတဲ့ Feng ဟာ ဒီပိုက်ဆံကို ပေးဖို့ မတတ်နိုင်ခဲ့တာကြောင့် ကလေးကို ဖျက်ချဖို့ သဘောတူခဲ့ရပါတယ်..။

 


Feng နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး 36 နာရီအကြာမှာတော့ ဆေးရုံမှ တာဝန်ရှိသူတွေက သူမဗိုက်ထဲမှ ကလေးကို ခွဲထုတ်ခဲ့ပါတယ်..။ ၇ လ အရွယ်ကလေးဟာ ကိုယ်အင်္ဂါအပြည့်အစုံနဲ့ ကောင်းကောင်း ဖွံ့ဖြိုးနေခဲ့ပါပြီ..။


နောက်တစ်ပတ်ကြာတဲ့အခါမှာ..၊ Feng ရဲ့ဓါတ်ပုံနဲ့ သူမရဲ့ သေဆုံးနေတဲ့ ကလေးပုံဟာ အင်တာနက် မှာပျံ့နှံ့လို့နေခဲ့ပါတယ်.၊ အပြင်းအထန်ဝေဖန်ခံရတဲ့ တရုတ်အစိုးရဟာ သူတို့ရဲ့ တစ်မိသားစု ကလေးတစ်ယောက် ဥပဒေကြောင့် ယခုလို လုပ်ရတာပါလို့ ပြန်ဖြေရှင်းခဲ့ပါတယ်..၊ ဒါပေမယ့် ပြည်သူလူထုက မကျေနပ်ခဲ့ကြပါဘူး..၊ နောက်ဆုံး မိခင်ကိုယ်တိုင်က သဘောတူလို့ ကလေးကို ဖျက်ချပေးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပြန်ပါတယ်..။



Feng ဟာ သတင်းထောက်တွေကို ပြောကြားရာမှာ သူမဟာ ဆင်းရဲ နွမ်းပါးတဲ့အတွက်ကြောင့် ဒုတိယကလေးအတွက် ပေးဆောင်ရမယ့် ဒဏ်ငွေ 40000 ကို မပေးဆောင်နိုင်ခဲ့တာကြောင့်၊ သူမကို ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီး အစိုးရတာဝန်ရှိသူများမှ ကလေးဖျက်ချရန် အဆိပ်ရှိတဲ့ ဆေးရည်ကို ထိုးပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်...



အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ