Sunday, September 16, 2012

အချစ်ကြောင့် ရူးမိုက်တဲ့အလုပ်ကို လုပ်တဲ့ မိန်းကလေး



၂၂ နှစ်အရွယ်ရှိ မိန်းကလေးတစ်ယောက်ဟာ တရုတ်နိုင်ငံ ချန်ချွန်မြို့၊ ၀ူဆန်လမ်းမှာ ရှိတဲ့ လူနေတိုက်ခန်းများရှိရာ တိုက်တန်းတစ်ခုမှ ၇လွှာမှာ ရှိတဲ့ ပြတင်းပေါက်ပေါ်မှာ ထိုင်နေပါတယ်..၊ သူမ ပုံစံက စိတ်လှုပ်ရှားနေပြီး တည်ငြိမ်မှုလည်း ရှိမနေပါဘူး..




တစ်ခုထူးခြားတာက ဒီကောင်မလေးက မင်္ဂလာဆောင်ဝတ်စုံကို ဆင်မြန်းထားတာပဲ ဖြစ်ပါတယ်..
ကောင်မလေးကိုကြည့်ရတာ စိတ်ဓါတ်ကျနေပုံပါပဲ..၊ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံတွေ့လာရပုံပါပဲ..၊ 


ထိုင်တာ နည်းနည်းကြာလာတဲ့နောက်မှာ…ကောင်မလေးဟာ စတင်ငိုပါတော့တယ်…
ငိုသံတွေစဲသွားတဲ့နောက်မှာတော့..၊ သူမဟာ တံခါးပေါက်ကနေ ခုန်ချလိုက်ပါတယ်..၊ လူတိုင်းက သူမအတွက် စိုးရိမ်ပူပန်မှုများစွာနဲ့ စောင့်ကြည့်နေကြပါတယ်..၊ အဲဒီအချိန်မှာပဲ လက်တစ်စုံက ပြတင်းပေါက်မှ ထွက်လာပြီး သူမရဲ့ လည်ပင်းကို ဆွဲဖမ်းနိုင်ခဲ့ပါတယ်..၊ 






ဒီကောင်မလေး ဘာလို့ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်ရတာလဲ.. ဘာများ စိတ်ညစ်စရာ ရှိခဲ့လို့ပါလဲ…. အဖြေကတော့… ဒီလိုပါတဲ့….။ 



သူနဲ့ လက်ထပ်မယ့် သတို့သား လက်ထပ်မယ့် နေ့မှ ပေါ်တော်မူမလာလို့ပါတဲ့ဗျာ…၊ သူ့ရဲ့ အချစ်ကိုတော့ လေးစားပါတယ်..၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ကြိုးစားခဲ့တဲ့ သူမရဲ့ လုပ်ရပ်ကိုတော့ နားမလည်နိုင်ပဲ ရှုံ့ချမိပါတယ်…၊ အချစ်ကို ကိုးကွယ်ယုံစားပြီး နာကျဉ်ခံစားရမှုက ပြင်းထန်သွားလွန်းလို့ပဲ ဖြစ်ပါလိမ့်မယ်…၊ 




အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ