Wednesday, September 5, 2012

ရွှေချထားသော ကလေးငယ် အလောင်းများ ထိုင်းတွင် ဖမ်းဆီး တွေ့ရှိ



ဗြိတိန်နိုင်ငံသား ဖြစ်သူ ဟောင်ကွမ်ချိုး ကို ရွှေချထားတဲ့ ကလေးအလောင်း (၆) လောင်းနဲ့အတူ ဘန်ကောက်မြို့မှ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူဟာ ကလေးအလောင်းတွေကို သူ့ရဲ့ ခရီး ဆောင်အိတ်ထဲမှာ ထည့်ထားခဲ့တာဖြစ်ပါတယ်..။
သူဟာ အသက် နှစ်လမှ ခုနှစ်နှစ်အရွယ်သာရှိမယ့် ကလေး သနေ¨လောင်းတွေကို ထိုင်းနိုင်ငံမှ မရားမ၀င် သယ်ဆောင်သွားပြီး ထိုင်ဝမ်မှာရှိတဲ့ ချမ်းသာတဲ့ သူဌေးတွေ ကို အွန်လိုင်းပေါ်မှ တစ်ဆင့် ရောင်းချမှာ ဖြစ်ကြောင်းသိရပါတယ်..။


ချိုးဟာ ဒီလို ရွှေချထားတဲ့ကလေး အလောင်း တွေကို ဘတ် ၂၀၀၀၀၀ (စတာလင်ပေါင် ၄၀၄၀) ခန့် အသုံးပြုပြီး ၀ယ်ယူခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်..။
ထိုင်ဝမ်ပြန်ရောက်ပါက ဒီကလေးအလောင်းတွေက ယခုဈေးထက် ၆ ဆ လောက် ပိုမိုရရှိနိုင်ကြောင်း၊ ဒီရွှေချထားတဲ့ကလေးအလောင်းတွေဟာ ကံကြမ္မာကောင်းတွေ ကို ယူဆောင်လာတယ်လို့ ယုံကြည်ထားတဲ့ ထိုင်ဝမ်ရှိ တရုတ် သူဌေးများမှ ၀ယ်ယူကြတာဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်…။ 
တာဝန်ရှိသူ ရဲဝန်ထမ်းမှ ဒီကလေးအလောင်းတွေပေါ်မှာ ဘာသာရေးဆိုင်ရာ သင်္ကေတနဲ့ တက်တူးတွေကိုလည်း တွေ့ရကြောင်း ပြောကြားပါတယ်..။


ထိုင်းနိုင်ငံမှာ မလိုအပ်ပဲ ကိုယ်ဝန်ရှိလာတဲ့ဖြစ်ရပ်မျိုးမှာ ကလေးကို မမွေး ဖွားခင် ခွဲစိတ်ဖယ်ရှားပြီး၊ အခြောက်ခံကာ..ရွှေချထားခဲ့တာ ဖြစ်ကြောင်း ပြောကြားပါတယ်.

ချိုးဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေ ဘတ် ၂၀၀၀ (စတာလင်ပေါင် ၄၀) ပေးဆောင်ရမှာဖြစ်ပါတယ်..။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ