Monday, September 10, 2012

တရုတ်နိုင်ငံမှ လူမဆန်ခဲ့ကြတဲ့ ဖြစ်ရပ်




အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၅း၃၀ နာရီခန့်မှာ၊ တရုတ်နိုင်ငံ ဟန်ကွီမြို့ရှိ ဂွမ်ဖိုဈေးထဲမှာ ကားတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်…၊ အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်ကို Van ကားတစ်စီးမှ တိုက်ခဲ့တာဖြစ်ပြီး ကားသမားမှာ ကားမောင်းပြီး ထွက်ပြေးသွားခဲ့ပါတယ်..၊ 



 ရှေ့ဘီးကြိတ်ပြီးတဲ့အချိန်မှာ ကားရပ်သွားပါတယ်..ဒါပေမယ့် ကားသမားဟာ ဆက်မောင်းပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ကလေးငယ်ကို နောက်ဘီးကပါ ဆက်ကြိတ်သွားပါတယ်..



ကလေးဟာ သွေးအိုင်ထဲမှာ လဲနေခဲ့ရပါပြီ..၊ ကူညီမယ့်သူမရှိပါဘူး..၊

နောက်ကားတစ်စီးကလည်း ထပ်ပြီး ဖြတ်မောင်းပြန်ပါတယ်..။

ကလေးကို ကားနှစ်စီးတိုက်ပြီး ၇ မိနစ်ကြာခဲ့ပါပြီ ၊ လမ်းသွားလမ်းလာ (၁၈) ယောက်ဖြတ်သွားပေမယ့်လည်း ကလေးကို ဘယ်သူတစ်ဦးကမှ ကူညီဖို့ရောက်မလာခဲ့ပါဘူး..၊ 

အမှိုက်ကောက်တဲ့ အရီ ဆိုတဲ့ အမျိုးသမီးက ကလေးငယ်ကိုတွေ့ရှိခဲ့ပြီး ဘေးလွတ်ကင်းရာနေရာ ကိုရွှေ့ထားလိုက်ပါတယ်..၊ ဒါပေမယ့် ကလေးမလေးရဲ့ လက်ဟာ ခေါက်ဆွဲဖတ်လို ပျော့နေခဲ့ပြီး မြေပေါ်မှာ ဆက်ပြီး လဲလျောင်းနေခဲ့ပါတယ်…

အရီဆိုတဲ့အမျိုးသမီးကပဲ ကလေးမလေးရဲ့ အမေကို ရှာဖွေအကြောင်းကြားခဲ့ပြီး ကလေးအမေရောက်လာမှ ကလေးကို ဆေးရုံသို့ အမြန်ပို့ဆောင် ပေးခဲ့ရပါတယ်…
ကလေးဟာ ကံဆိုးစွာပဲ ဆေးရုံရောက်ပြီး သုံးရက်အကြာမှာ သေဆုံးသွားခဲ့ရပါတယ်..၊ 

ကလေးရဲ့ အဖေနဲ့ အမေ


ဒီဖြစ်ရပ်ဟာ အင်တာနက်ပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပြီး ၀ိုင်းဝန်းကူညီရန် ပျက်ကွက်ခဲ့ကြတဲ့ တရုတ်လူမျိုးများ အပေါ်မှာလည်း အပြင်းအထန် ဝေဖန်မှုတွေရှိခဲ့ကြပါတယ်..။ 

ရဲတပ်ဖွဲ့မှလည်း ဒုတိယကားမောင်းသူကို ရှာဖွေနိုင်ခဲ့ပေမယ့် ပထမကားမောင်းသူကို မရှာဖွေနိုင်ခဲ့ပါ ဘူး…၊ ဒါပေမယ့် ရက်အနည်းငယ်ကြာတဲ့အခါမှာ ပထမကားမောင်းသူဟာ ရဲဌာနကို ကိုယ်တိုင်ပဲ လာရောက်အဖမ်းခံခဲ့ပြီး သေဆုံးသွားတဲ့ ကလေးနဲ့ ပတ်သက်တဲ့ ကိစ္စ အ၀၀ကို တာဝန်ယူခဲ့ပါတယ်..
နောက်ဆုံးရရှိသော သတင်းများအရ ကလေးကို သေစေမှုနဲ့ အဆိုပါလူဟာ ထောင်ဒဏ်သုံးနှစ်ကျခံ ရတော့မှာ ဖြစ်ကြောင်းသိရှိရပါတယ်..

ဗီဒီယိုကြည့်ချင်သူများ အောက်က link မှာ ကြည့်ရှု့နိုင်ပါတယ်..


အောင်ထွန်းဦး

 

1 comment:

  1. ဟာ ကားမောင်းတဲ့ကောင်ကို ထောင်ထဲမပို့သေးနဲ့စိုင်းနောင်ဆီအရင်ပို့လိုက်....။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ