Monday, September 24, 2012

ဆံပင်ညှပ်ခိုင်းလို့ တိုက်ပေါ်က ခုန်ချခဲ့တဲ့ မိန်းကလေး



တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ ၉ တန်းကျောင်းသူလေးတစ်ဦး ၅ ထပ်မှ နေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် ခဲ့ပါတယ်..၊ သူမအမည်ကတော့ ရင်ဂျင်း ဖြစ်ပြီး အကြောင်းကတော့ ကျောင်းက သူ့ကို ဆံပင်တိုတို ညှပ်ခိုင်းရာ ဆံပင်လုံးဝ မညှပ်နိုင်တာကြောင့် ဖြစ်ပါသတဲ့…


ဒီကိစ္စမဖြစ်ခင်လွန်ခဲ့တဲ့ ၈ ရက်လောက်က ၊ ရင်ဂျင်းရဲ့ အဖေဖြစ်သူဟာ ကျောင်းမှ ကလေးကို ဆံပင်ညှပ်ပေးရန် message သုံးစောင်ကို လက်ခံရရှိခဲ့ပါတယ်..၊ အမေဖြစ်သူက ရင်ဂျင်းကို ဆံပင်ညှပ်ဖို့ ပြောတဲ့အခါမှာ ရင်ဂျင်းက အပြင်းအထန်ကို ငြင်းဆန်ခဲ့ပါတယ်..၊ အမေဖြစ်သူက ဆံပင်မညှပ်လို့ မရဘူး..၊ ညှပ်ကို ညှပ်ရမယ်လို့ ပြောလာတဲ့အခါမှာ ရင်ဂျင်းဟာ ငြိမ်သက်သွားခဲ့ပြီး သူမအမေ ဘာမှ မလှုပ်ရှားနိုင်ခင် ပြတင်းပေါက်ကို ဖွင့်ပြီး ခုန်ချသွားခဲ့ပါတယ်..။

ရင်ဂျင်းရဲ့အဖေဖြစ်သူက ဒီကိစ္စဟာ ကျောင်းနဲ့အတန်းပိုင်ဆရာမတို့နဲ့ လုံးဝမသက်ဆိုင်ကြောင်း၊ ရင်ဂျင်းရဲ့ အတန်းပိုင်ဆရာမဟာ အလုပ်ကိုကြိုးစားသူဖြစ်ပြီး ရင်ဂျင်းရဲ့ ပညာရေးကို အထူးဂရုစိုက်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်..၊ ကျောင်းမှ ကျောင်းအုပ်ဖြစ်သူကလည်း ဆံပင်တိုတိုညှပ်ခိုင်းတာဟာ ကျောင်းစည်းကမ်း တစ်ခုဖြစ်တာကြောင့် ဒီလိုကိစ္စမျိုးကို တာဝန်ယူမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်….



အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ