Tuesday, September 25, 2012

ထူးဆန်းတဲ့ အကြိတ်နဲ့ ကလေးငယ်



Lia Thi Dao လို့ခေါ်တဲ့ ၁၅ နှစ်အရွယ် ဗီယက်နမ်နိုင်ငံမှ မိန်းကလေးဟာ Schwannoma လို့ခေါ်တဲ့ တဖြည်းဖြည်းချင်း ကြီးထွားလာတဲ့ အကြိတ် ဝေဒနာကို ၃နှစ်အရွယ်ကတည်းက ခံစားလာရတာ ဖြစ်ပါတယ်..


Lai Thi Dao ဟာ အခုဆိုရင် Florida ပြည်နယ်က Miami မှာ သူရဲ့ မျက်နှာပေါ်က ၁၆ ပေါင်လေးတဲ့ အကြိတ်ကြီးကို ခွဲစိတ်ဖယ်ရှားဖို့ ပြင်ဆင်နေပါပြီ..၊ သူမဟာ ဒီခွဲစိတ်မှု အောင်မြင်ခဲ့ရင် စကားပြန်ပြော နိုင်မှာဖြစ်ပြီး ထမင်းလည်း ပြန်စားနိုင်တော့မှာ ဖြစ်ပါတယ်..
အခုဆိုရင် အကြိတ်ကြောင့် သူမဟာ စကားပြောဖို့ နေနေသာသာ စားလို့တောင် မရတော့ပါဘူး..၊ နောက်ဆုံး ကျောင်းတောင်သွားလို့ မရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရပါတယ်..



 ဆရာဝန်တွေဟာ ဧပြီလ ၂၉ ရက်နေ့မှာ ၁၀ နာရီကြာမယ့် ခွဲစိတ်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်..၊ ခွဲစိတ်မှုကိုတော့ Jackson Memorial ဆေးရုံမှာ ပြုလုပ်မှာဖြစ်ပါတယ်..၊ ခွဲစိတ်မှုသာ မအောင်မြင်ခဲ့ရင် ပြန်ပေးဆပ်ရမှာတော့ ကောင်မလေးရဲ့အသက်ပဲဖြစ်ပါတယ်..၊ 

 


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ