Monday, September 17, 2012

ကောင်မလေးက ပြန်မကြိုက်လို့ ဓါတ်ဆီလောင်း မီးရှို့တဲ့လူ



အသက် (၁၇) နှစ် အရွယ်သာရှိသေးတဲ့ မိန်းကလေးငယ်တစ်ဦးဟာ သူ့ကို ချစ်ရေးဆိုလာတဲ့ ကောင်လေး တစ်ယောက် ကို မကြိုက်မနှစ်သက်ခဲ့တာကြောင့် ငြင်းပယ်ခဲ့ပါတယ်..၊ အဲဒကောင်လေးဟာ အငြင်းပယ်ခံခဲ့ရတဲ့အတွက် ရှက်စိတ်မွှန် ပြီး ကောင်မလေးကို ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ပါတယ်..၊ ဒေသခံများပြောပြချက်အရ..၊ အဲဒီကောင်လေးဟာ တရုတ်နိုင်ငံ ဟီဖိုင်မြို့ရှိ အထက်တန်းလွှာ မိဘနှစ်ပါးရဲ့ သားဖြစ်ပြီး အဖေကလည်း အဲဒီမြို့ရဲ့ အာဏာပိုင်တစ်ဦးဖြစ်ပါသတဲ့..၊ အခုတော့ သူဟာ ဆေးရုံတက်နေရတဲ့ ကောင်မလေးရဲ့ ဆေးရုံတက်စရိတ်တွေကို ထောက်ပံ့ပေးပြီး အမှုမဖြစ်အောင် ကျေအေးကြောင်းလက်မှတ် ရရှိဖို့ ကြိုးစားနေပါတယ်..



ဒေသခံများပြောပြချက်အရ ဖြစ်စဉ်မှာ.. ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၆း၀၀ နာရီ လောက်မှာ Tao လို့ခေါ်တဲ့ ကောင်လေးဟာ Zhou ကို ရည်းစားစကားပြောခဲ့ပါတယ်..၊ ဒါပေမယ့် Zhou က လက်မခံခဲ့တာကြောင့် ပြန်သွားခဲ့ပြီး ခဏအကြာ Zhou အိမ်ကို ပုလင်းတစ်လုံးနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်..၊ ပြီးတော့ Zhou ကို ဖမ်းချုပ်ပြီး ခေါင်းပေါ်ကနေ လောင်းချခဲ့ပါတယ်..ပြီးတော့ မီးရှို့ခဲ့ပြီး "သေလိုက်စမ်း" ဆိုတဲ့စကားကို ထပ်ခါတလဲလဲ ပြောဆိုနေခဲ့ပါတယ်..၊ ဒီဖြစ်စဉ်ကို Zhou ရဲ့ အဒေါ်ဖြစ်သူက မြင်ခဲ့ပြီး စောင်တွေနဲ့ မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့ပြီး ရဲဌာန ကိုလည်း ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်.
 
သနားစရာကောင်းတဲ့ Zhou ဟာ ခွဲစိတ်ခန်းထဲမှာ ၇ ရက်နဲ့ ၇ ည အချိန်ဖြုန်းခဲ့ရပါတယ်..၊ ဆရာဝန်များရဲ့ ကြိုးပမ်းမှုကြောင့် Zhou ဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပါတယ်..၊ ဒါပေမယ့် သူမရဲ့ မီးလောင်ဒဏ်ရာတွေက တော်တော်ကိုပြင်းထန်ခဲ့ပါတယ်..၊ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ အခြားကိုယ်အင်္ဂါရဲ့ (၃၀) ရာခိုင်နှုန်းလောက် မီးလောင်ခံခဲ့ရပြီး နားရွက်တစ်ဖက် မရှိတော့ ပါဘူး..၊
Tao ရဲ့ မိဘတွေဟာ စာရွက်စာတမ်းတွေထုတ်ပြီး Zhou ရဲ့မိဘတွေကို ကျေအေးကြောင်း လက်မှတ် ထိုးခိုင်းခဲ့ပါတယ်..၊ Zhou ရဲ့ မိဘတွေက မထိုးနိုင်ကြောင်း ငြင်းတဲ့အခါမှာ Tao မိဘတွေက Zhou ရဲ့ ဆေးရုံတက်စရိတ်ကို ဆက်လက်ထောက်ပံ့ပေးမှာ မဟုတ်ကြောင်းပြောပါတယ်..၊ အရင်ကတည်းက ဆင်းရဲ နွမ်းပါးပြီး အကြွေးတွေဝိုင်းနေတဲ့ Zhou ရဲ့မိဘများဟာ ဆေးရုံစရိတ်ကို ဘယ်လိုမှ မတတ်နိုင် ခဲ့ပါဘူး..၊ ဒါကြောင့် နောက်ဆုံးတော့ ရွေးချယ်စရာလမ်းမရှိခဲ့ပဲ ကျေးအေးကြောင်း လက်မှတ်ကို ထိုးပေးလိုက်ရပါတယ်….
 


တော်တော်ကြေကွဲစရာကောင်းတဲ့ဖြစ်ရပ်လေးပါ…၊ ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ ခေတ်ကြီးကို ရောက်မှန်းမသိရောက်နေပါပြီ…၊ ချောချောလှလှ ချစ်စရာမိန်းကလေးကနေ လူအများ လှည့်မကြည့်ချင်လောက်အောင်ရုပ်မျိုးဖြစ်ခဲ့တဲ့ ဒီလိုအဖြစ်မျိုးကြုံရလောက်အောင် ကောင်မလေးဘက်က ဘာများ မှားခဲ့လို့ပါလဲ…၊ ဘာအမှားမှ မလုပ်ခဲ့ပါ…၊ ဒေါသအလျောက်လုပ်ခဲ့တဲ့ ကောင်လေးရော ဘာပြန်ပေး ဆပ်ခဲ့ရပါသလဲ…၊ ကောင်မလေးအတွက် ရှေးက၀ဋ်တွေပါလာလို့ ဒီလိုဖြစ်တာလို့ သတ်မှတ်နိုင်ပြီး ကောင်လေးကတော့ ဘယ်အချိန်မှာ သူဒီလိုပြန်ခံရမလဲဆိုတာ စောင့်နေရုံသာ ရှိပါတော့တယ်…


အောင်ထွန်းဦး

3 comments:

  1. ဟေ့ကောင်မင်းကအခြောက်ပဲ မိန်းကလေးကိုဒီလိုလုပ်ရတရ်လိုကွာ မင်းကအဖေဂုဏ်နဲ့ လမ်းဖေးမှလူမိုက်လုပ်နေတာပဲ တခြားကောင်တွေမင်းကိုကြောက်ရင်ကြောင်မယ် ငါအတော့မင်းလိုလမ်ဖေးစောက်ပေါ့အခြောက်ကိုမကြောက်ဘူးကြားလား

    ReplyDelete
  2. ဟေ့ကောင်မင်းကအခြောက်ပဲ မိန်းကလေးကိုဒီလိုလုပ်ရတရ်လိုကွာ မင်းကအဖေဂုဏ်နဲ့ လမ်းဖေးမှလူမိုက်လုပ်နေတာပဲ တခြားကောင်တွေမင်းကိုကြောက်ရင်ကြောင်မယ် ငါအတော့မင်းလိုလမ်ဖေးစောက်ပေါ့အခြောက်ကိုမကြောက်ဘူးကြားလား

    ReplyDelete
  3. မင်းတို့သားဖတွေဒီလိုပဲလား တာဆိုမင်းတိုတစ်မျီုလုံး ခွေးတွေပဲကိုယ့်ထက်ငယ်တဲအကောင်တွေအနိုင်ကျင့်
    လုပ်လေ မင်းတိုသားဖတွေသတ်တိရှိရင်ငါအိမ်ကိုလာခဲ့
    လမ်းဖေးမှာပဲ စွတ်မဟောင်နဲ့

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ