Sunday, September 2, 2012

မတုန်မလှုပ်ပဲ ကိုယ်တိုင်မီးရှို့ ဆန္ဒပြခဲ့တဲ့ ဘုန်းကြီး

၁၉၆၃ ခုနှစ်လောက်က ဗီယက်နမ်တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုဖြစ်ပါတယ်။ ဘုန်းကြီးတစ်ပါး ဖြစ်တဲ့ .တင်ဂေါင်ဒေါင် ဟာ ဗီယက်နမ်အစိုးရရဲ့ လမ်းစဉ်တွေကို မကြိုက်နှစ်တဲ့အတွက် ကိုယ့်ကိုယ်ကို မီးရှို့ပြီး ဆန္ဒပြခဲ့ပါတယ်။ တင်ဂေါင်ဒေါင်ဟာ သူ့ကိုယ်မှာ မီးလောင်ကျွမ်းနေစဉ် လှုပ်ရှားခြင်း၊ ညည်းညူခြင်း၊ အသံထွက်ခြင်းများ လုံးဝမပြုလုပ်ခဲ့ပဲ သေဆုံးသည်အထိ အောက်ကပုံအတိုင်းသာ ရှိနေခဲ့ပါတယ်...။ ဒီလို မတုန်မလှုပ်ထိုင်ပြီး မီးရှို့ဆန္ဒပြတာကို မြင်တွေ့ခဲ့ရသူတွေအဖို့ကတော့ အတော့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်...။
 

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ