Wednesday, September 5, 2012

သေကံမရောက် အသက်မပျောက်တဲ့လူ







ဒီဓါတ်ပုံဟာ အရေးပေါ်အခန်းထဲရောက်နေတဲ့ ငါးဖမ်းသမားတစ်ယောက်ရဲ့ ဓါတ်ပုံဖြစ်ပါတယ်..၊ သူဟာ သူရဲ့ မြန်နှုန်းမြင့်မော်တော်ဘုတ်အရှိန်ကို မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ရာမှ ဒီဒဏ်ရာကို ရရှိခဲ့ ခြင်းဖြစ်ပါတယ်..၊ တာဝန်ရှိသူတွေကတော့ သူဟာ တစ်နာရီ ၇၅ မိုင် အရှိန်နှုန်းနဲ့ မောင်းနှင်နေခဲ့ တယ်လို့ ဆိုပါတယ်..၊ သူဟာ ကျဉ်းမြောင်းတဲ့ ရေလွှဲဂိတ်ကို ရောက်ရှိချိန်မှာ ပြန်မလှည့်နိုင်တော့ပဲ ကမ်းစပ်ကို ၀င်တိုက်မိခဲ့ပြီး လွင့်စဉ်သွားခဲ့ကာ ကံမကောင်းလှစွာပဲ ကမ်းဘေးမှာရှိတဲ့ ခြံစည်းရိုး ငုတ်တိုင်ပေါ်ကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်…၊
ပြီးတော့ ဘာဆက်ဖြစ်ခဲ့လဲဆိုတာကိုတော့ ပုံကြည့်ပြီး ခန့်မှန်းနိုင်လောက်ပါတယ်..၊
သတင်းကောင်းကတော့ သူဟာ အသက်မသေဆုံးခဲ့ပဲ ခြောက်လကြာ ဆေးကုသမှုခံယူအပြီးမှာ လူကောင်း ပကတိ ပြန်ဖြစ်ခဲ့ပါတယ်..၊
" ဒီလူတော်တော်ကံကောင်းတယ်ဗျ…၊ သူ့ကိုစိုက်ဝင်နေတဲ့ ငုတ်တိုင်က အရမ်းကျပ်ပြီး သွေးမထွက်နိုင်တော့ သူကံကောင်းသွားတာပေါ့.."လို့ သူ့ကို ကုသပေးခဲ့တဲ့ ဆရာဝန်က ပြောကြားခဲ့ပါတယ်..။


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ