Thursday, September 6, 2012

သေကံမရောက် သက်မပျောက်ခဲ့တဲ့လူသား




Portland's University ဆေးရုံကို အမေရိကန်နိုင်ငံ အောရီဂွန် ပြည်နယ်က ဦးခေါင်းခွံကို မြှားဖောက်မှန်ထားတဲ့ လူနာ တစ်ယောက်ရောက်ရှိ လာခဲ့ပါတယ်.. တိုနီရောဘတ်လို့ခေါ်တဲ့ အသက်၂၅အရွယ်ရှိ လူငယ်ဟာ သူငယ်ချင်းတွေနဲ့ အမဲလိုက်ထွက်ရင်း သူ့သူငယ်ချင်းတစ်ယောက်က ၀က်ဝံတစ်ကောင်ကို ပစ်လိုက်ရာမှ ၀က်ဝံကိုမထိပဲ သူ့ရဲ့ညာဘက်မျက်လုံးကို လာရောက် စိုက်မှန်ခဲ့ခြင်းဖြစ်ပါတယ်..။
 

ဆရာဝန်က သူဟာ အလွန်ကံကောင်း ခဲ့ပြီး မြှားဟာ ဦးနှောက်ရှိ အဓိကသွေးကြောနဲ့ ၁ မီလီမီတာခန့်သာ ကွာဝေး ကြောင်းနဲ့ ထိမှန်ခဲ့ပါက အသက်ဆုံးရှုံးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်..။
အာရုံကြောဆရာဝန် ဒေါက်တာ ဂျွန်နီ ဒီလရှော က မြှားဟာ ဦးနှောက်ထဲကို ၈ လက်မမှ ၁၀ လက်မအထိ ၀င်သွားခဲ့ပြီး နောက်ဖက်ဦးခေါင်းခွံကနေ ပြန်လည် ဖောက်ထွက်ခဲ့ပါတယ်..၊ ဒါပေမယ့် အဓိကသွေးကြောတွေကိုတော့ ထိမှန် ခဲ့ခြင်း မရှိခဲ့ပါဘူး..လို့ပြောကြားခဲ့ပါတယ်..ဒါပေမယ့်သူဟာ သူရဲ့ ညာဘက်မျက်လုံးကို ပြန်လည်ရရှိတော့မှာ မဟုတ်ပါဘူး..၊
တစ်ကယ်လို့သာ ရောဘတ်ဟာမြှားကို ဆွဲနှုတ်ခဲ့မယ်ဆိုလည်း သူဟာ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပင်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်..



အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ