Wednesday, September 26, 2012

တရုတ်ပြည်က ဟင်းအမြန်ချက်ပြိုင်ပွဲ



တရုတ်ပြည်က မြွေနဲ့ ငါးကို အရှင်လတ်လတ် ဟင်းလျာအဖြစ် စားသုံးလို့ရအောင် အမြန်ချက်ပြုတ်ရတဲ့ ပြိုင်ပွဲပဲ ဖြစ်ပါတယ်…ပါဝင်ယှဉ်ပြိုင်သူတွေကလည်း မနည်းမနောပါပဲ...

ပြိုင်ဖို့ အချက်ပေးသံကြားတာနဲ့ မြွေကို ဒီလို တင်ပြီး ခေါင်းအရင် ဖြတ်လိုက်ပါတယ်…



ပြီးရင် ရေနွေးပူထဲစိမ်ပြီး အရေခွံဆွဲခွာပါတယ်.. မြွေရဲ့ ကိုယ်ခန္ဒာကတော့ တွန့်လိမ်ကောက်ကွေးလျက်ပေါ့..



ပြီးရင် မြွေကို ကတ်ကြေးနဲ့ခွဲ ကလီစာတွေထုတ်


စဥ့်နီတုန်းပေါ်တင် အပိုင်းပိုင်း ခုတ်ထစ်


တစ်ခြား အဆာပလာတွေနဲ့ ရောပြီး ဟင်းတစ်ပွဲ ဖြစ်သွားပါပြီ..၊ အရှင်လတ်လတ်မြွေသားကတော့ ပန်းကန်ထဲမှာ တွန့်လိန်ကောက်ကွေးလျက်ပေါ့…



ငါးကိုလည်းပြိုင်ဖို့ အချက်ပေးသံစတာနဲ့ ကြေးခွံတွေကို ဓါးနဲ့အရင်ခြစ်ထုတ်ပါတယ်..


ပြီးရင် ငါးကိုယ်ကို ဓါးရာတွေပေးပါတယ်..


ခေါင်းကနေကိုင်ပြီး မသေသေးတဲ့ငါးကို ဆီပူပူထဲ နှစ်လိုက်ပါတယ်..၊ ခေါင်းကိုကိုင်ထားရတာက ငါးကို လုံးဝ သေမသွားပဲ အသက်ရှင်နေအောင်လို့ ဖြစ်ပါတယ်.


ပြီးရင် ငါးကို ပန်းကန်ထဲထည့် အပေါ်ကနေ ဟင်းအနှစ်တွေ စမ်းလိုက်ပါတယ်..ပြီးပါပြီ..ဟင်းတစ်ပွဲ.. ကြာချိန်ကတော့ ၁ မိနစ်နဲ့ ၂၉ ပါတဲ့…၊


ပါးဟပ်လေးဟစိဟစိ ဖြစ်နေတဲ့ ငါးကို လူတွေက တူလေးနဲ့ စိန်ပြေနပြေကို ညှပ်စားနေပါတော့တယ်…



သြော်..လူတွေ..လူတွေ....စားချင်ရင်လည်း သေအောင်သတ်ပြီးမှ စားလိုက်တာမဟုတ်ဘူး..၊ 

မသေမရှင် ဖြစ်နေတဲ့ သတ္တ၀ါရဲ့ အသားကိုမှ တူနဲ့အသာညှပ်ပြီး စားသောက်နေတာကိုကြည့်ပြီး အတော်လည်း အံ့သြမိပါရဲ့ဗျာ…

ပြောနေကျစကားအတိုင်းဆိုရင်တော့… ကိုယ်လုပ်နိုင်တုန်းကတော့ လုပ်ထားအုံးပေါ့… ကိုယ်ပြန်ခံရမယ့် အချိန်ကျရင်သာ… ခံနိုင်ဖို့ ပြင်ဆင်ထားပေတော့…..


ပြိုင်ပွဲ ဗွီဒီယိုကြည့်ချင်ရင်တော့ အောက်က Link မှာ ဒေါင်းလိုက်ပါ..






အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ