Monday, September 24, 2012

ထူးဆန်းတဲ့ရောဂါကို ခံစားနေရတဲ့ Sian Mumtaz



Sian Mumtaz ဟာ ပါကစ္စတန်နိုင်ငံ Lahore မြို့နဲ့ 100 ကီလိုမီတာလောက် ကွာဝေးတဲ့ Narowal မြို့ပေါ်မှာ နေထိုင်တာ ဖြစ်ပါတယ်..။




သူ့ရဲ့ မိသားစုဟာ ငွေကြေးမပြည့်စုံတာကြောင့် သူ့ကို ဆေးဝါးကုသမှုတွေ မပြုလုပ်ပေးခဲ့ပဲ သူရဲ့ ငယ်စဉ်ဘ၀ကို ယခုလိုပုံစံနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပါသည်…၊ ဒါပေမယ့် အခု အသက် ၁၈ နှစ်ရှိနေပြီ ဖြစ်တဲ့ Sain ဟာ သူဟာ တစ်ခြားသူတွေနဲ့ မတူပဲ ဘာဖြစ်လို့ ဒီပုံစံဖြစ်နေခဲ့လဲဆိုတာကို သိချင်ခဲ့ပါတယ်..၊ တစ်စုံ တစ်ယောက်ကများ သူရဲ့ လက်ရှိဘ၀ထက် ပိုကောင်းအောင် ပြုလုပ်ပေးနိုင်မလားလို့လည်း မျှော်လင့်လျက် ရှိပါတယ်..





သူ့မှာ ဘ၀ရည်မှန်းချက်တွေလည်း ရှိပါတယ်..၊ သူဟာ အနာဂတ်မှာ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ပြီး အိမ်ထောင်ပြုဖို့ကိုတော့ မရည်ရွယ်ရဲကြောင်း ပြောပြပါတယ်..၊
သူယုံကြည်တာက ယခင်ဘ၀က သူဆိုးသွမ်းခဲ့လို့ ဘုရားကသူ့ကို အပြစ်ပေးထားတာဖြစ်တယ် လို့ ပြောပြခဲ့ပါတယ်…








အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ