Thursday, September 6, 2012

အံ့သြဖွယ် သတ္တ၀ါတွေကို ပုံဖော်ထားတဲ့ ထူးဆန်းတဲ့ သစ်ပင်ကြီး






ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဒီအပင်ကြီးဟာ အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ "Baobab" မျိုးစိတ်ဝင် ကမ္ဘာ့ပင်စည် အကြီးဆုံး သစ်ပင်ကြီးတွေနဲ့ မှားနိုင်ပါတယ်..။ ဒါဟာ တစ်ကယ်တော့ မျိုးစိတ် မသိရတဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ "Andra Pradesh" တောအုပ်ထဲမှ သစ်ပင်ကြီးတစ်ပင် ဖြစ်ပါတယ်…။

 

ကဲ..အခု ဒီအပင်ကြီးရဲ့ အကိုင်းတွေ..ကိုယ်ထည်တွေမှာ ဖော်ထွင်းထားတဲ့ မယုံကြည်နိုင်ရာ သတ္တ၀ါတို့ရဲ့ ပုံသဏ္ဍာန်တွေကို ထူးခြားအံ့သြစွာတွေ့မြင်ရမှာဖြစ်ပါတယ်..









လူအများစုပြောကြတာကတော့ ဒါဟာတစ်ကယ့် အစစ်မဟုတ်ပါဘူးတဲ့….၊ ဒါပေမယ့် ဒေသခံတွေ ပြောတာကတော့ ဒါတွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပြုပြင်ထွင်းထုထားခြင်းမရှိပဲ သဘာဝ အလျောက်ထူးဆန်းစွာ ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်တဲ့…၊ ဘာပဲဖြစ်ဖြစ် ဒါဟာ တစ်ကယ့်ကို မယုံကြည် နိုင်စရာကောင်းပြီး ထူးခြားပြောက်မြောက်လွန်းတဲ့ လက်မှုပညာတစ်ခုပါ…။ 


သင်လည်း ဘယ်လိုထင် လဲ ပြောပြခဲ့ပါအုံး….


အောင်ထွန်းဦး

2 comments:

  1. သဘာဝ အလျှောက်ဆိုရင် တော်တော်ထူးဆန်းတယ်။

    ReplyDelete
  2. ကျွန်တော့်အထင်ပြောရရင်တော့ မဟုတ်ပါဘူး။ လက်ရာသေသပ်ပုံတွေကိုကြည့်ပြီး အခုခေတ်လက်ရာတွေဖြစ်နိုင်သလို Photoshop နဲ့ပြုပြင်ထားတဲ့ လက်ရာတွေလည်းဖြစ်နိုင်ပါတယ်။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ