Tuesday, September 4, 2012

ကောင်းကြသေးရဲ့လား... ခွေးနဲ့ မင်္ဂလာဆောင်တယ်တဲ့...

အခါတော်ပေးတာက နတ်ခွေးငယ်ရွှေစာ...


ကွယ် !!! သူသိပ်ဆိုးတယ်....ဟိုမှာ သူများတွေဝိုင်းကြည့် ကုန်ပြီ....
ဘာမှမလုပ်ဘူးသာပြောတယ်....လူလည်ကောင်တောင်ဒီလောက်ဖြစ်နေတာ...
SEALED WITH A KISS: Mr Guiso, dressed in dapper gray suit and orange flower at his lapel, smooched his Honey at the pair's wedding


မယုံချင်စရာ၊ ပုံပြင်ပမာ...ခွေးဇတ်ခင်းတဲ့ အချစ်လို့ ပင်ခေါ်ရမလိုပင်...
ဂျိုးဆက်ဂီဆို တစ်ယောက် ၎င်းရဲ့ လက်ထပ်မင်္ဂလာပွဲမှာ ချစ်ဇနီးအသစ်စက်စက်ကလေးကို ငုံ့ ပြီး အနမ်း
ပန်းတွေခြွေလိုက်တာကတော့ အများနဲ့ မတူ၊ တစ်မူထူးလှပါတယ်...ဇနီးအလှလေးကား ခြေထောက်လေး
ချောင်း၊ အမြီးတစ်ခုနှင့် တိရိစ္ဆာန်မျိုးနွယ်ဝင် သမီးပျို....

သြစတေးလျနိုင်ငံသား အမျိုးသားဟာ သူ့ ရဲ့ ချစ်မြတ်နိုးရတဲ့ အ၀ါရောင်လက်ဘရာဒါခွေးမလေးနဲ့ ခြံရှေ့ က
မြက်ခင်းပြင်မှာပြုလုပ်တဲ့ လက်ထပ်မင်္ဂလာပွဲမှာ အကြင်နာအနမ်းလေးပေးလို့ ရွှေလက်တွဲလို့ ဖူးစာဆုံခဲ့ ကြ
ပါတယ်...

ဂျိုးဆက်ဂီဆို နှင့် ချစ်သူ ခွေးမလေးတို့ ဟာ တူဝုမ်ဘား လောရယ်လ်ဘဏ်ပန်းခြံမှာကျင်းပတဲ့ လက်ထပ်
မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့ ကြပြီး အံ့ သြစရာကောင်းတာကတော့ မိသားစု၊ ဆွေမျိုးများနဲ့ မိတ်
ဆွေ ၃၀ တို့ ထိုအခမ်းအနားကို တက်ရောက်ချီးမြှင့် ခဲ့ ကြတာပဲဖြစ်ပါတယ်...

လက်ထပ်တယ်ဆိုတာက သဘာဝပါခင်...
အိုင်ပေါ့ ဒ်ကိုဖွင့် လို့ ကြည်နူးဆင်ယင်...
The pair held hands and paws as they took their one-sided vows. An iPod provided music during the festivities
" မင်းဟာကိုယ့် ရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တယ်...ကိုယ့် ဘ၀ကို ပိုပြီးသာယာအောင်ဆောင်ကြဉ်း
ပေးသူလည်းဖြစ်ပါတယ်..." လို့ မစ္စတာဂီဆို ကသူ့ ရဲ့ မင်္ဂလာလက်ထပ်ပွဲ ကျမ်းကျိန်ရာမှာပြောကြားသွား
ပါတယ်....
ဘာသာတရားကိုင်းရှိုင်းသူလို့ သူ့ ကိုယ်သူညွှန်းဆိုခဲ့ တဲ့ ထိုအမျိုးသားက သူအနေ့ နှင့် အချစ်တော်ခွေးမ
ကလေးနှင့် လက်မထပ်ပဲ စိတ်သန့် သန့် ရှင်းရှင်းနဲ့ ဘယ်လိုမှဆက်နေလို့ မရနိုင်တော့လို့ ဖြစ်ပါတယ်လို့ 
လည်းပြောကြားခဲ့ ပါတယ်...
ဒါပေမယ့် သူ့ ရဲ့ အချစ်ကတော့ မဖွယ်မရာ ညစ်ညမ်းစွန်းထင်းတဲ့ အချစ်မျိုးမဟုတ်ရပါဘူးလို့ လည်း မင်္ဂလာ
ဧည့် ခံပွဲလာ ပရိတ်သတ်များကို သူက အာမခံစကားပြောကြားကတိပေးခဲ့ ပါတယ်...
သူမဘ၀ရဲ့ အရေးအကြီးဆုံးနေ့ ဖြစ်တဲ့ မင်္ဂလာပွဲမှာ အဖြူရောင်အ၀တ်လေးဝတ်ထားသည့် သတို့ သမီး ခွေး
မလေး ဟန်နီ ကိုယခုခင်ပွန်းဖြစ်သူ အမျိုးသားက လွန်ခဲ့ သည့် ငါးနှစ် သူမခွေးပေါက်စကလေးအ၇ွယ်မှပင်
မွေးစားခဲ့ တာဖြစ်ပါတယ်....

 သတို့ သမီးရဲ့ မိတ်ဆွေသူငယ်ချင်းများလည်းတက်ရောက်အားပေးချီးမြှင့်  ....
Some four-legged friends also joined in the party

သူတို့ ဟာ လော်ရယ်ဘဏ်ပန်းခြံမှာ တစ်ခုသောနေ့ လည်ခင်းလမ်းလျှောက်ထွက်နေချိန်မှာ လက်ထပ်ပွဲ
ဆင်နွှဲဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်...
တစ်ခြားသူတွေလက်ထပ်မင်္ဂလာပွဲဆင်နွှဲနေကြတာကို တွေ့ ပြီး မစ္စတာ ဂီဆိုတစ်ယောက်အကြံတစ်ခုရသွား
ခဲ့ ပါတယ်...

သတို့ သမီးအတွက်ဝတ်စုံကတော့ အိပ်ယာခင်းတစ်ထည်ကို ပတ်ပေးလိုက်တာပါပဲ...ပြီးယင်ခင်းအိပ်လိုက်ရုံပဲပေါ့ ...

The 30 gathered guests dressed in black tie at the ceremony, while blushing bride wore what appeared to be a bed sheet, tied around her like a cape

" တို့ နှစ်ကောင်...အဲလေ...တို့ နှစ်ဦးလည်း အဲဒီလိုကိုလုပ်ရမယ် လို့ ကျွန်တော်ပြောလိုက်ပါတယ်..." လို့ 
သူက တူဝုန်ဘာ သတင်းစာကိုပြောကြားခဲ့ ပါတယ်....
သူမက ဘာမှမပြောလို့ တိတ်ဆိတ်နေခြင်းဟာ သဘောတူတယ်လို့ ကျွန်တော်ကယူဆလိုက်ပါတယ် လို့ 
လည်းသူကဆက်ပြောပါတယ်...
၎င်းရဲ့ အင်တာနက်စာမျက်နှာ MySpace မှာတော့ ပညာရေးဘာသာရပ်အထူးပြု အသက်၂၀ အရွယ်ရှိ
ကျောင်းသား မစ္စတာ ဂီဆိုက သူ့ ကိုယ်သူ ယောကျာင်္းပီသသူ ( လိင်တူခြင်းစိတ်ဝင်စားသူမဟုတ်လို့ ဆိုလို
ပါတယ်...) ၊ အိမ်ထောင်မရှိသေးသည့် လူပျို တစ်ဦးဖြစ်ပြီး ကက်သလစ်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်
ကြောင်းဖေါ်ပြထားပါတယ်...

ယခင်တုံးက လူနဲ့ ခွေးမင်္ဂလာဆောင်တာ အိန္ဒိယမှာပဲ ယတြာချေတဲ့ သဘောနဲ့ လုပ်ခဲ့ တယ်လို့ သိထားခဲ့ 
ဖူးတာ အခု ဒီမောင်နဲ့ မှပဲ အနောက်နိုင်ငံမှာလည်း ဒီလောက်ရူးကြောင်ကြောင်နိုင်တဲ့ လူတွေရှိသေးတယ်
ဆိုတာ ဓါတ်ပုံနဲ့ တစ်ကွမြင်ဘူး၊ သိရရှိရတော့ တယ်...

ထူးပါပေ့ ၊ ဆန်းပါပေ့ ၊ ရူးပါပေ့ ....

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ