Tuesday, September 25, 2012

ဆူရှီတအားစားတဲ့သူတွေ သတိပြုကြပါ.



ဂျပန်နိုင်ငံက Shota Fujiwara လို့ခေါ်တဲ့ လူတစ်ယောက်ဟာ Sushi ကို အလွန်အမင်း ကြိုက်နှစ်သက်တဲ့ သူဖြစ်ပါတယ်..၊ သူဟာ သူရဲ့ မရောင့်ရဲမတင်းတိမ်နိုင်တဲ့ စားသောက်လိုမှုကြောင့် အခုတော့ ဒုက္ခ တွေ့ နေရပါပြီ..။ သူဟာ ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားလာရပါတယ်..၊ ဒါပေမယ့် အဲဒါတွေဟာ အလုပ်ထဲက ဖိအားတွေကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့မိပါတယ်..



မခံမရပ်နိုင်အောင် ခေါင်းကိုက်လာတဲ့အခါမှာ နောက်ဆုံးတော့ သူဟာ ဆရာဝန်နဲ့ ပြသရပါတော့တယ်..၊ ဦးခေါင်းကို ဓါတ်မှန်ရိုက်ကြည့်တော့ ဘာရောဂါမှ မတွေ့ခဲ့ရပါဘူး..၊ ဒါပေမယ့် အထူးကုတွေက သူ့ရဲ့ ဦးခေါင်းခွံကို သေသေချာချာ လေ့လာကြည့်တဲ့အခါမှာတော့..၊ ဆရာဝန်တွေဟာ ဦးရေပြားအောက်မှာ လှုပ်ရှားနေတဲ့ အရာလေးတွေကို တွေ့ရှိခဲ့ရပါတယ်..၊ ဆရာဝန်တွေဟာ မေ့ဆေးပေးပြီး ဦးခေါင်းခွံကို ခွဲကြည့်လိုက်တဲ့အခါမှာတော့…..၊ သေးငယ်တဲ့ လောက်ကောင်တွေဟာ ဦးခေါင်းခွံထဲကနေ ထွက်လာ ပါတော့တယ်….၊
ကဲ…. ဆူရှီ အရမ်း အရမ်း စားကြတဲ့ မိတ်ဆွေများ သတိထားစေချင်ပါတယ်….


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ