Monday, September 10, 2012

ကိုယ်မှာ အမွှေးတွေဖုံးနေတဲ့ ကောင်မလေး



အသက် ၆ နှစ်သာရှိသေးတဲ့ လီလီကို တရုတ်နိုင်ငံရှိ လျူချောင် ကျေးရွာမှာမွေးဖွားခဲ့တာပါ..သူမဟာ မွေးကတည်းက သူမရဲ့ဘယ်ဖက်မျက်နှာ တစ်ခြမ်းနဲ့ ကိုယ်ပေါ်မှာ အရွယ်အစားမျိုးစုံရှိတဲ့ အမဲရောင် အမွှေးတွေနဲ့ မွေးဖွား လာခဲ့ရတာဖြစ်ပါတယ်..။ 




သူမ အသက် (၂) နှစ် အရွယ်မှာ…၊ အမေဖြစ်သူက မိသားစုကို စွန့်ခွာသွားခဲ့ပါတယ်..၊ သူမအဖေက သူမကို ကလေးစောင့်ရှောက်ရေးဂေဟာကို ပို့ထားခဲ့ပြီး ခြေရာဖျောက်သွားခဲ့ပြန်ပါတယ်..၊ သနားကြင်နာတတ်တဲ့ ဆွေးမျိုးတစ်ယောက်က သူမကို ပြန်လည်ခေါ်ယူပြီး မွေးစားခဲ့ပါတယ်..။ 



သူမဟာ အခုဆို ကျောင်းနေအရွယ်ရောက်နေပြီ၊ ကျောင်းက သူမရဲ့ အိမ်ရှေ့တည့်တည့်မှာ ရှိနေပေမယ့်လည်း ဆင်းရဲနွမ်းပါးလွန်းတာကြောင့် ကျောင်းမတက်နိုင်ရှာပါဘူး..

ဓါတ်ပုံတွေရိုက်နေချိန်မှာ… လီလီဟာ ဒီအမဲစက်တွေကို ကုတ်လျက်ရှိပါတယ်..လီလီက ပြောပါတယ်…ဒီအမဲစက်တွေက ယားပေမယ့် မနာပါဘူး..၊ သူမက သူမရဲ့ ကိုယ်ပေါ်မှာ ရှိတဲ့ အမဲကွက်တွေကို ကိုယ်တိုင် ရေတွက်ပြပါသေးတယ်…၊ ဒါပေမယ့် ၅ ကွက်ရောက်တဲ့အချိန်မှာ သူမ ဆက်မရေတွက်ခဲ့ပါဘူး..၊ သူမက ၅ ပြီးရင် ဘယ်လောက်လဲဆိုတာကိုမှ မသိတာပဲလေ…



သူမရဲ့အိမ်လေးနဲ့ ကျောင်းဟာ မီတာ ၁၀၀ လောက်သာကွာဝေးပေမယ့် မိသားစုက ဆင်းရဲလွန်း တာကတစ်ကြောင်း၊ ကျောင်းက သူငယ်ချင်းများက မျောက်ကလေး လို့ စတာကို မခံနိုင်တာက တစ်ကြောင်းကြောင့် ကျောင်းမတက် ဖြစ်ခဲ့ပါဘူးတဲ့…




အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ