Sunday, September 30, 2012

သားရဲ့အလောင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့ အဖေ



2006 ခုနှစ်လောက်မှာ တရုတ်နိုင်ငံမှာ ရှိတဲ့ Huangling ကျေးရွာရဲ့ ရွာလူကြီး Tian Xueming ရဲ့ ကလေးဟာ သွေးကင်ဆာနဲ့ သေဆုံးခဲ့ပါတယ်..၊ Tian Xueming ဟာ သေသွားတဲ့ သားဖြစ်သူကို မပြစ်ရက်ပဲ ရေခဲသေတ္တာမှာ ထည့်ပြီး သိမ်းဆည်းလာတာ အခုဆို ၆ နှစ်တောင် ရှိလာပါပြီ..၊
သူဟာ သူသားကို သတိရလာတိုင်း သူ့ရဲ့ဇနီးဖြစ်သူနဲ့အတူ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ ရေခဲသေတ္တာကို ဖွင့်ပြီး သူတို့ရဲ့သားကို လာကြည့်ကာ အလွမ်းဖြေကြပါတယ်..၊ 




Tain Xueming က ရေခဲသေတ္တာထဲမှာရှိတဲ့ သူ့သားဟာ သူအသက်ရှိစဉ်အချိန်က ပုံစံ အတိုင်းဖြစ်ပြီး သူနဲ့အမြဲအတူရှိနေကာ သူတို့ကို ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောကြားပါတယ်..။



သေဆုံးသွားတဲ့ ကလေးရဲ့နာမည်ကတော့ Tian Qinyuan ဖြစ်ပါတယ်..။ ဒါကတော့ Tian Qinyuan ရဲ့ အလောင်းကို ထည့်သိမ်းထားတဲ့ ရေခဲသေတ္တာဖြစ်ပါတယ်..၊ သူရဲ့အဖေဖြစ်သူက သားဖြစ်သူကို သတိရတိုင်း ဒီနေရာလေးကို လာကြည့်ပြီး အလွမ်းဖြေတာပေါ့လေ…



လွန်ခဲ့တဲ့ ၁၅ နှစ်က..၊ ၁၅ နှစ်အရွယ် သမီးဖြစ်သူဟာ ခေါင်းကိုက်ရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..၊ ပြီးခဲ့တဲ့ ခြောက် နှစ်တုံးကလည်း သားဖြစ်သူက သွေးကင်ဆာနဲ့ ခွဲခွာသွားခဲ့ပြန်ပါတယ်..၊ သူတို့ လင်မယားနှစ်ယောက်ဟာ ၁၀ နှစ်ကာလ အတွင်းမှာ အလွန်နာကျင်ဖွယ်ရာ ဖြစ်ရပ် ၂ ခုကို ကြုံတွေ့ခဲ့ရပါတယ်..၊ 


အခန်းထောင့်မှာ ထားရှိထားတဲ့ အထီးကျန်နေတဲ့ ရေခဲသေတ္တာကို ငေးကြည့်ရင်း Tian Xueming ဟာ မျက်ရည်တွေ ကျဆင်းလာခဲ့ပါတယ်…၊ 

"ဒါဟာ လုပ်ကောင်းတဲ့အရာမဟုတ်မှန်း ကျွန်တော် သိပါတယ်..၊ ဒါပေမယ့်ဗျာ…. သားနဲ့ သမီး နှစ်ယောက်လုံး ဆုံးရှုံးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ခံစားမှုကို တစ်ခြားလူတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး" လို့ ငိုယိုပြီး ပြောပြခဲ့ပါတယ်..။


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ