Friday, September 21, 2012

အစမ်းသပ်ခံ သနားစရာခွေးများရဲ့ဘဝ



ဒီခွေးတွေဟာ ဆေးကျောင်းအတွက် အစမ်းသပ်ခံရမယ့် ခွေးတွေပဲ ဖြစ်ပါတယ်..၊ သူတို့ဟာ ဒီကျောင်းမှာ သုတေသန ၄ ခုအတွက် ၄ ကြိမ် အခွဲစိတ်ခံရမှာဖြစ်ပြီး နောက်ဆုံးအကြိမ်မှာတော့ သူတို့ရဲ့ အသည်းကိုလေ့လာမှုပြုလုပ်မှာဖြစ်ပြီး သေဆုံးရမှာပဲဖြစ်ပါတယ်...

၁။       ဒီခွေးလေးဟာ သူ့တံခေါးပေါက်နားကနေပြီး ကျွန်တော့်ကို ကြည့်နေပါတယ်..၊ တစ်ခြားခွေးတွေ ဟောင်ပြီးဆူညံနေသလောက်.. ဒီခွေးကတော့ ငြိမ်နေပါတယ်..၊ နက်ဖြန်ဆိုရင် တော့ သူဟာ ပထမဆုံးအကြိမ် ခွဲစိတ်ခံရမှာ ဖြစ်ပါတယ်..






၂။       ခွေးတွေနေရတဲ့ နေရာကတော့ ကျဉ်းလွန်းပါတယ်..၊ ဒီခွေးတွေကတော့ စမ်းသပ်မှု တစ်ကြိမ်မှ မပြုလုပ်ရသေးပါဘူး..


 ၃။       သူတို့ကို အရှေ့ဂိတ်က ခွေးအစားအစာရောင်းတဲ့ အမျိုးသမီွးဆီကနေ ကျောင်းသားများက ၀ယ်ကျွေးကြပါတယ်…
 ၄။       သူ့ကို ကြည့်ရတာ သတ္တိရှိပြီး မျက်လုံးတွေက အရောင်တောက်ပပြီး လှပနေလိုက်တာ..
 ၆။       ဒီခွေးမကြီးက ခွဲစိတ်ရက်မတိုင်ခင်ကမှ ကလေးမွေးထားတာဖြစ်ပါတယ်..၊ ဒါကြောင့် သူ့ကို အခုတော့ ခွဲစိတ်ခန်းမပို့သေးပါဘူး..၊ ဒါပေမယ့် သိပ်မကြာခင်ကာလမှာတော့ သူ့ကို ပြန်သုံးကြပါ လိမ့်မယ်..
 ၇။       ဒီခွေးကတော့ ကိုယ်ဝန်ကြီးနဲ့ပါ ဒါပေမယ့် သူဟာ ခွဲစိတ်ခန်းဝင်ခဲ့ရပါတယ်..၊ ခွဲစိတ်ခန်းမှာ သူ့ရင်ဘတ်ကိုခွဲခဲ့ပြီး ပြန်ချုပ်ထားပေးပါတယ်..
 ၈။       ဒီခွေးကတော့ ကြောက်လန့်နေတဲ့ပုံပါပဲ..။
 ၉။       ဒီခွေးကတော့ ခွဲစိတ်ခန်းက ပြန်လာခဲ့တာပါ..၊ မေ့ဆေးပေးထားလို့ သူကောင်းကောင်း မထနိုင်ပဲ မျက်လုံးလည်း ကောင်းကောင်းမဖွင့်နိုင်သေးပါဘူး..
 ၁၀။     ဒါကျွန်တော့်သူငယ်ချင်းရဲ့ခွေးပေါ့..။ သူ့ကို ခွဲစိတ်ပြီးတာ ၂ ရက်ရှိပါပြီ..၊ ကောင်းကောင်း ရပ်နိုင်ပေမယ့် ယိုင်တိယိုင်တိုင် ဖြစ်နေတုန်းပါ..၊ ကျွန်တော့်သူငယ်ချင်းကိုမြင်တော့..၊ သူချက်ချင်း ထပြေးလွှားပြီး ထိုးဟောင်နေပါတယ်..၊ ကျွန်တော့်အထင် ဒီခွေးစိတ်တိုနေပါတယ်..၊ ဘယ်ခွေးကမှ ကိုယ့်ကိုယ် ဒီလိုလုပ်ထားတဲ့လူကို အမြှီးဝှေ့ယှမ်းပြီး ကြိုဆိုနေမှာ မဟုတ်ပါဘူး..၊

 ၁၁။     နောက်နှစ်ရက်အကြာမှာ ဒီခွေးသေဆုံးခဲ့ပါတယ်..၊ ဒါက ပထမဆုံးနဲ့ အန္တရာယ်အနည်းဆုံး စမ်းသပ်မှုပဲ ရှိပါသေးတယ်..နောက်ထပ် ၃ကြိမ် ကျန်ပါသေးတယ်..၊ စမ်းသပ်မှုတွေဟာ ၁ ကြိမ် ထက် ၁ကြိမ်ပိုပြီး အန္တရာယ်ကြီးမားပါတယ်…

 ၁၂။     ကျောင်းသားတွေကိုတော့ အပြစ်တင်လို့မရပါဘူး..၊ သူတို့ကပိုပြီးတော့တောင် ၀မ်းနည်းရပါတယ်..၊ ဘာလို့လဲဆိုတော့ သူတို့ဟာ ခွေးတွေနဲ့ ပတ်သက်ပြီး အလုပ်လုပ်ရ တာကြောင့် ခွေးတွေအပေါ် သံဃောဇဉ်တွယ်နေကြသူများပဲ ဖြစ်ပါတယ်..။



အောင်ထွန်းဦး 

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ