Monday, September 3, 2012

ဆီပူမကြောက်တဲ့ သံမဏိ လက်ပိုင်ရှင်



ဒီလူကိုတော့ Xmen ဇာတ်ကားတွေမှာ ထည့်ရိုက်ဖို့ကောင်းနေပါပြီ…၊ ဘာကိုဆိုလိုတာလဲ သိချင်ရင် အောက်က အချက်အလက်တွေ ဆက်ဖတ်ကြည့်လိုက်ပါအုံး ..:)
 

ထိုင်းနိုင်ငံ ချင်းမိုင်က ခမ် ဆိုတဲ့လူကတော့ တစ်ကယ့် စွမ်းအားရှင် ဖြစ်ပြီး သံမဏိလက်လို့ သူ့ကို ခေါ်ဆိုကြပါတယ်..သူဟာ ဒီဂုဏ်ဒြပ်ကို ဘယ်လိုရရှိခဲ့သလဲဆိုတော့…စားသောက်ဆိုင်ဖွင့်ထားတဲ့ ခမ်ဟာ ပွက်ပွက်ဆူနေတဲ့ ဆီအိုးထဲက ကြက်ကြော်..အမဲကြော်တွေကို ..တစ်ခြားဘာပစ္စည်းကိရိယာမှ မပါပဲနဲ့ လက်ချည်းသက်သက်နဲ့ ကြော်လှော်နိုင်တာပဲ ဖြစ်ပါတယ်….



အသက် (၅၀) ရှိပြီဖြစ်တဲ့ ခမ်ဟာ အပူရှိန် ၄၈၀ ဒီဂရီလောက်ရှိတဲ့ ဆီပူထဲကို သူ့လက်ချောင်းတွေကို ဘာဒဏ်ရာအနည်းငယ်မျှ ရရှိခြင်းမရှိပဲ နှစ်ပြနိုင်ခဲ့ပါတယ်..။ တစ်ကယ်ဆို သာမန်လူအဖို့ ၁၀၀ ဒီဂရီ အပူချိန်ရှိတဲ့ ရေနွေးပူထဲတောင်မှ စက္ကန့်အနည်းငယ် လက်ကိုနှစ်ထားဖို့ရာ အင်မတန် ခဲယဉ်းလှပါတယ်… (သွားတော့ မစမ်းကြည့်နဲ့နော်…)

သူ့အစွမ်းတွေကို စသိရှိပုံက သူကြက်သားကြော်နေစဉ် သူ့အိုးထဲကို သစ်ပင်ပေါ်မှ ရှဉ့်တစ်ကောင် ပြုတ်ကျခဲ့ပါတယ်..၊ ဆီအိုးထဲမှာ ရှိတဲ့ ဆီပူတွေက သူ့တစ်ကိုယ်လုံး နေရာအနှံ့အပြားကို ကျရောက်ခဲ့ပါတယ်..၊ ဒါနဲ့ သူဟာ Taxi နဲ့အိမ်ပြန်အနားယူပြီး…နောက်တစ်နေ့ ဆေးရုံသွားပြဖို့ စိတ်ကူးခဲ့ပါတယ်..၊ ဒါပေမယ့် နောက်နေ့မနေ့က သူဟာ မနေ့က ဘာမှ မဖြစ်ခဲ့သလိုပဲ သူ့အရေပြားပေါ်မှာ ဘာဒဏ်ရာမျှ မရှိတာကို အံ့သြစွာတွေ့ရှိခဲ့ရပြီး သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်…။


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ