Thursday, September 6, 2012

မြွေပုံသဏ္ဍာန်နဲ့ မွေးဖွားလာရတဲ့ ကလေး



ဒါက ၂၀၀၈ ခုနှစ် အောက်တိုဘာမှာ တစ်ကယ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်..၊ … သမီးလေး နှစ် ယောက်ရရှိပြီးဖြစ်တဲ့ မလေးရှားနိုင်ငံက မိသားစု တစ်စုမှာ အမေဖြစ်သူက နောက်ထပ် ကိုယ်ဝန်ရှိလာခဲ့ပါတယ် သူတို့ဟာ အဲ့ဒီကိုယ်ဝန်ဟာ သူတို့ရဲ့ သားဦးလေးဖြစ်လာဖို့ မျှော်မှန်းခဲ့ကြပါတယ်…၊ ဒါပေမယ့် ဆရာဝန် တွေက ဒီကိုယ်ဝန်ဟာလည်း သမီးလေးသာဖြစ်ကြောင်းပြောပြလိုက်တဲ့ အခါမှာ မိခင်ဖြစ်သူက စိတ်ဖြေနိုင်ပေမယ့် အဖေ ဖြစ်သူက 

"မင်း နောက်သမီးတစ်ယောက် မွေးမယ့်အစား မြွေတစ်ကောင်သာ မွေးလိုက်ပါတော၊့ အဲဒါပိုကောင်းလိမ့်မယ်" 

လို့ လက်လွတ်စပယ်ပြောခဲ့ပြီး အိမ်နီးချင်းများက ဘာလေးမွေးမှာလဲလို့ မေးရင်လည်း မြွေတစ်ကောင် မွေးလိမ့်မယ်လို့ စိတ်ဆိုးမာန်ဆိုး ပြန်ဖြေလေ့ရှိပါတယ်…


ကလေးမွေးဖွားတဲ့နေ့ကို ရောက်ခဲ့ပါပြီ…၊ တစ်ကယ် ထိတ်လန့်စရာပါပဲ….၊ ကလေးဟာ မိန်းကလေးဖြစ်ပြီး မြွေမျက်နှာနဲ့ မွေးဖွားခဲ့ပါတယ်…၊ ဆရာဝန်တွေကတော့ ဒီလို ရုပ်ပြင် မူမမှန်မှုနှင့် မွေးဖွားရလာခြင်းဟာ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို ဓါတု သတ္တိလှိုင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်..။







ကျွန်တော်တို့ မြန်မာအယူအဆအရဆိုလျှင် ကိုယ်ဝန်စဆောင်တာနဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားများကို ရှောင်ရမှာ ဖြစ်သလို…၊ ကိုယ်ဝန်ဆောင်သူရော..ဖခင်ပါ စကားကို သတိထားပြောဆိုကြရပါတယ်..၊ တစ်ကယ်လို့ ရုန့်ရင်းကြမ်းတမ်းတဲ့စကားများ ပြောဆိုမိခဲ့ရင် မွေးလာတဲ့ကလေးဟာ နှုတ်ခမ်းကွဲလေးနဲ့ မွေးလာလိမ့်မယ်လို့ ရှေးကအယူအဆများရှိခဲ့ပါတယ်…။




အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ